ဖာမီနို ကိုခေါ်ယူရန် ဂါလာတာစာရေးနဲ့ ဖီနာဘာချီအသင်းတို့ အပြိုင်စိတ်ဝင်စား

29 Dec

တူရကီလိဂ်မှ ထိပ်တန်းကလပ်အသင်းများဖြစ်တဲ့ ဂါလာတာစာရေးနဲ့ ဖီနာဘာချီအသင်းတို့က ဆော်ဒီကလပ် အယ်လ်အာလီအသင်းမှ တိုက်စစ်မှူး ဖာမီနို ကိုခေါ်ယူရန် အပြိုင်စိတ်ဝင်စားလျက်ရှိကြောင်း သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် ဖာမီနို ဟာ ၂၀၂၃ နွေရာသီမှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး ဆော်ဒီ ကလပ် အယ်အာလီအသင်းထံသို့ ပြောင်းရွှေ့ကစားခဲ့ပြီး တစ်နှစ်လစာ ယူရို သန်း ၂၀ ရရှိနေကာ ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ သို့သော်လည်း အယ်အာလီအသင်းက ထင်မှတ်ထားသလောက် ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့ ဖာမီနို အား လာမည့် ဇန်နဝါရီလတွင် ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရပါတယ်။ လက်ရှိတွင် ဂါလာတာစာရေးနဲ့ ဖီနာဘာချီအသင်းတို့က ဖာမီနို ကိုခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေပြီး ကစားသမားကိုယ်တိုင်က ဥရောပတွင် ပြန်ကစားလိုနေကြောင်း သိရပါတယ်။(NVS 008)

29 Dec

ADVERTISE HERE .