နောက်ခံကစားသမား အာနိုးလ် ကို ရီးရဲလ်အသင်းနဲ့အပြိုင် ခေါ်ယူဖို့စီစဉ်နေတဲ့ ဘာစီလိုနာအသင်း

29 Dec

ဘာစီလိုနာအသင်းက လီဗာပူးလ်နောက်ခံကစားသမား အာနိုးလ် ကို ရီးရဲလ်အသင်းနှင့်အပြိုင် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမား အာနိုးလ် ဟာ ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်း အနေနဲ့ အာနိုးလ် အား စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေသော်လည်း လက်ရှိအချိန်ထိ အဆင်မပြေသေးကြောင်း သိရှိပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ အာနိုးလ် ကို ဒီဇင်ဘာလမကုန်ခင် စာချုပ်သက်တမ်းတိုးနိုင်ခြင်းမရှိလျှင် ကစားသမား အနေနဲ့ ၂၀၂၅ ဇန်နဝါရီ ၁ ရက်မှာ ပြည်ပကလပ်အသင်းများနဲ့ အကြိုသဘောတူစာချုပ်ကို ချုပ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်မည့် အာနိုးလ် ကို ရီးရဲလ်အသင်းက ပစ်မှတ်ထားနေပြီး ယခုအခါ ဘာစီလိုနာအသင်းကလည်း ရီးရဲလ်နဲ့အပြိုင် ကြိုးပမ်းရန်စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ (NVS 008)

29 Dec

ADVERTISE HERE .