ဗယ်လာဒိုလစ်အသင်းပရိသတ်များက အသင်းပိုင်ရှင် ရော်နယ်ဒို ကို အသင်းမှထွက်ခွာသွားရန်တောင်းဆို

29 Dec

ဗယ်လာဒိုလစ်အသင်း ပရိသတ်များက အသင်းပိုင်ရှင် ရော်နယ်လ်ဒို ကို အသင်းမှထွက်ခွာသွားရန် တောင်းဆိုမှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ ဘရာဇီးလ်လက်ရွေးစင်အသင်း တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒို ဟာ ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြလောကသို့ ဝင်ရောက်ခြင်းမရှိဘဲ ၂၀၁၈ ခုနှစ်မှာ လာလီဂါကလပ် ဗယ်လာဒိုလစ်အသင်းအား ထိန်းချုပ်စီမံခွင့် ရရှိမည့် ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ယူရိုသန်း ၃၀ ဖြင့် ဝယ်ယူခဲ့ပါတယ်။ လက်ရှိရာသီမှာ ဗယ်လာဒိုလစ်အသင်းအနေနဲ့ လာလီဂါပြိုင်ပွဲ၌ အမှတ်ပေးဇယားအောက်ဆုံးကို ရောက်ရှိနေခဲ့လို့ ပရိသတ်များက အသင်းပိုင်ရှင်ဖြစ်သူ ရော်နယ်ဒို အား အသင်းမှ ထွက်ခွာသွားရန် တောင်းဆိုနေကြခြင်းဖြစ်ပါတယ်။ ရော်နယ်လ်ဒို အနေနဲ့ လက်ရှိမှာ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သွားရန် ပြင်ဆင်နေကာ ဗယ်လာဒိုလစ်အသင်းကိုလည်း ပြန်လည်ရောင်းထုတ်ရန် စီစဉ်နေကြောင်းလည်း သိရပါတယ်။ (NVS 008)

29 Dec

ADVERTISE HERE .