လီယန်ဒရိုဘရေးကို ခေါ်ယူရန် ချိန်ရွယ်နေတဲ့ အာဆင်နယ်အသင်း

28 Dec

အာဆင်နယ်အသင်းသည် ဘိုကာဂျူနီယာအသင်းမှ အာဂျင်တီးနားဂိုးသမား လီယန်ဒရိုဘရေးကို ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။ အသက် ၂၂ နှစ်အရွယ် လီယန်ဒရိုဘရေး ဟာ ပြီးခဲ့တဲ့ ပါရီအိုလံပစ်ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနှင့်အတူ ယှဉ်ပြိုင်ခွင့်ရခဲ့သူဖြစ်ပြီး လက်ရှိကစားနေတဲ့ ဘိုကာဂျူနီယာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ အာဆင်နယ်အသင်းက ၎င်းကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူပြီး ဘိုကာဂျူနီယာတွင်သာ ရာသီ ကုန်အထိ အငှားပြန်ချထားရန် စီစဉ်နေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ အဓိကဂိုးသမား ရာယာ ရဲ့နောက် အရန်ဂိုးသမားနေရာအတွက် လီယန်ဒရိုဘရေး ကို ခေါ်ယူလိုနေခြင်းဖြစ်ပြီး ပြီးခဲ့သည့်နွေရာသီမှာ ဒုတိယဂိုးသမားဖြစ်သူ ရမ်းစ်ဒေးလ် ကို ရောင်းချပြီးနောက် အစားထိုးဂိုးသမား ခေါ်ယူခြင်းမရှိသေးတာကြောင့် အခုလို စီစဉ်နေတာဖြစ်ပါတယ်။ (NVS 008)

28 Dec

ADVERTISE HERE .