ဒူးဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူရဖွယ်ရှိတဲ့ စတာလင်

28 Dec

အာဆင်နယ်အသင်း တောင်ပံကစားသမား စတာလင် အနေနဲ့ ဒူးဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူရဖွယ်ရှိကြောင်း သတင်းများကဖော်ပြခဲ့ပါတယ်။ စတာလင် အနေနဲ့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်ကစားရင်း ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ အဓိကကစားသမားများ ဒဏ်ရာပြဿနာများနဲ့ ရင်ဆိုင်နေရချိန်မှာ စတာလင် ရဲ့ ဒဏ်ရာရရှိမှုက အသင်းအတွက် အခက်အခဲကိုထပ်မံဖြစ်ပေါ်လာစေခဲ့ပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ စတာလင် အနေနဲ့ လက်ရှိဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းမှ အာဆင်နယ် အသင်းသို့ အငှားနဲ့ပြောင်းရွှေ့လာခဲ့ပြီး ပြိုင်ပွဲစုံ ၁၁ ပွဲတွင် တစ်ဂိုးသွင်းယူထားပါတယ်။(NVS 008)

28 Dec

ADVERTISE HERE .