ဆက်စ်ကို အား ပရီးမီးယားလိဂ်အသင်းများက ခေါ်ယူရန်စိတ်ဝင်စားနေ
28 Dec
ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်တဲ့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့က လိုက်ပဇစ်တိုက်စစ်မှူး ဆက်စ်ကို အားခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြောင်း သတင်းများကဖော်ပြခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိ လိုက်ပဇစ်အသင်း တိုက်စစ်မှူး ဆက်စ်ကို ဟာ အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၆၅ ပွဲကစားပြီး ၂၉ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းများက ခေါ်ယူရန်အတွက် စိတ်ဝင်စားနေခြင်း ဖြစ်ပါတယ်။ လိုက်ပဇစ်အသင်းကလည်း ဆက်စ်ကို အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးရရှိပါက ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါကြောင့် လာမည့်ဆောင်းရာသီဈေးကွက်အတွင်း ဆက်စ်ကို အား မည်သည့်အသင်းက ခေါ်ယူသွားနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။(NVS 008)
28 Dec