အေတီကိုအသင်းနဲ့အတူ လာလီဂါချန်ပီယံဆု ရယူလိုကြောင်းပြောခဲ့တဲ့ ဂယ်လာဂါ

28 Dec

အေတီကိုအသင်း ကွင်းလယ်ကစားသမား ဂယ်လာဂါ က လက်ရှိအသင်းနဲ့အတူ လာလီဂါချန်ပီယံဆုကို ရယူလိုကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမား ဂယ်လာဂါ ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးအသင်းမှ အေတီကိုအသင်းထံသို့ စတာလင်ပေါင် ၃၄ သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့ရောက်ရှိ လာခဲ့တာဖြစ်ပါတယ်။ အေတီကိုအသင်းအနေနဲ့ လက်ရှိရာသီ လာလီဂါပွဲစဉ် ၁၈ ပွဲအပြီးမှာ ရမှတ် ၄၁ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာမှ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တစ်မှတ်သာကွာဟနေတာဖြစ်ပါတယ်။ ဂယ်လာဂါ အနေနဲ့ ယခုရာသီမှာ အေတီကိုအသင်းနဲ့အတူ ပြိုင်ပွဲစုံ ၂၁ ပွဲကစားထားပြီး နှစ်ဂိုးသွင်းယူထားနိုင်တာ ဖြစ်ပါတယ်။(NVS 008)

28 Dec

ADVERTISE HERE .