ဒိုင်ဘားလား အားရောင်းချရန် အတည်ပြုခဲ့တဲ့ ရိုးမားအသင်း

28 Dec

ရိုးမားအသင်းအားကစားဒါရိုက်တာ ဂီဆိုလ်ဖီ က အာဂျင်တီးနား တိုက်စစ်ကစားသမား ဒိုင်ဘားလား အား ထိုက်တန်သည့် ပြောင်းရွှေ့ကြေးရရှိပါက ရောင်းချသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်ကစားသမား ဒိုင်ဘားလား ဟာ ၂၀၂၂ ခုနှစ် နွေရာသီမှာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရိုးမားအသင်းထံသို့ ပြောင်းရွှေ့ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒိုင်ဘားလား အနေနဲ့ ပြီးခဲ့တဲ့နွေရာသီမှာ ဆော်ဒီအသင်းများထံမှ မြင့်မားတဲ့လစာငွေနဲ့ ကမ်းလှမ်းမှုကိုခံခဲ့ရ သော်လည်း အသင်းတွင် ဆက်နေလိုတာကြောင့် ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိရာသီမှာ ခြေစွမ်းပြရန် ရုန်းကန် နေရပြီး လက်ရှိစာချုပ်မှာလည်း ယခုရာသီကုန်တွင် ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ရိုးမားအသင်းက ဒိုင်ဘားလား ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်လိုခြင်းမရှိပဲ လာမည့်ဇန်နဝါရီတွင် ရောင်းထုတ်ရန်စီစဉ်နေခြင်း ဖြစ်ပါတယ်။(NVS 008)

28 Dec

ADVERTISE HERE .