“ငယ်ဘဝကလပ် ဆော်ပေါ်လိုအသင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့တဲ့ အော်စကာ”
27 Dec
အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဘရာဇီးလက်ရွေးစင်ကစားသမားဟောင်း အော်စကာဟာ ဘရာဇီး ကလပ် ဆော်ပေါ်လိုအသင်းကို တရားဝင်ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အော်စကာဟာ သူ့ရဲ့ကစားသမားဘဝအစကို ဆော်ပေါ်လိုအသင်းမှာကစားရင်း စတင်ခဲ့တာဖြစ်သလို အခုအချိန်မှာ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အော်စကာ ဟာ ချဲလ်ဆီးအသင်း မှာ ကစားခဲ့သူတစ်ယောက်ဖြစ်ပြီး တရုတ်ကလပ် ရှန်ဟိုင်းပေါ့အသင်းကို ၂၀၁၇ ခုနှစ်မှာ ပြောင်းရွှေ့ကာ ၈ ရာသီကြာ ကစားခဲ့တာပါတယ်။ ကစားသမားဘဝ စတင်ခဲ့ရာ ဆော်ပေါ်လိုအသင်းမှာ ပြန်ကစားရမှာဖြစ်သလို ဘရာဇီးမြေပေါ် ပြန်ရောက်လာခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့ အော်စကာက ပြောပါတယ်။ အော်စကာ ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်တာကြောင့် အသင်းကို အောင်မြင်မှုတွေရရှိအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ် လို့ ဆော်ပေါ်လိုအသင်းက ယုံကြည်နေပါတယ်။ ဘရာဇီးကလပ် ဆော်ပေါ်လိုအသင်းဟာ အော်စကာကို ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ (NVS 008)