“၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် မြန်မာအသင်း အုပ်စု E ၌ ယှဉ်ပြိုင်ကစားရမည်”
27 Dec
၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် မြန်မာအသင်း အုပ်စု (E)၌ အိမ်ကွင်း ၃ ပွဲ အဝေးကွင်း ၃ ပွဲ နှစ်ကျော့စနစ်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ အဆိုပါအုပ်စုပွဲစဉ်များကို လာမယ့် ၂၀၂၅ ခုနှစ် မတ်လမှ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်နှစ်တာကာလအတွင်း အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ မြန်မာအသင်း နှင့်အတူ အုပ်စု(E)၌ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန် အသင်းတို့ ကျရောက်နေတာ ဖြစ်ပါတယ်။ မြန်မာ့အသင်းက ၂၀၂၅ ခုနှစ်မတ်လ ၂၅ ရက်မှာ အာဖဂန်နစ္စတန်အသင်းနှင့် အိမ်ကွင်း၊ ဇွန်လ ၁၀ ရက်မှာ ပါကစ္စတန်အသင်းနှင့်အဝေးကွင်း၊ အောက်တိုဘာလ ၉ ရက်မှာ ဆီးရီးယားအသင်းနှင့်အိမ်ကွင်း၊ အောက်တိုဘာလ ၁၄ ရက်မှာ ဆီးရီးယားအသင်းနှင့် အဝေးကွင်း၊ နိုဝင်ဘာလ ၁၈ ရက်မှာ အာဖဂန်နစ္စတန်အသင်းနှင့် အဝေးကွင်း၊ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်မှာ ပါကစ္စတန်အသင်းနဲ့ အိမ်ကွင်း စသည်ဖြင့်အသီးသီး ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲစဥ်များကို တစ်အုပ်စုကို ၄ သင်းနဲ့ ၆ အုပ်စုခွဲ၍ ကျင်းပသွားမှာ ဖြစ်ပြီး အုပ်စုတစ်ခုစီရဲ့ ထိပ်ဆုံးတစ်သင်းစီသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်တယ်လို့ သိရပါတယ်။(NVS 008)