“မန်စီးတီးအသင်းက ရလဒ်တွေ ဆိုးနေပေမယ့် ချန်ပီယံပြေးလမ်းမှာ ရှိနေသေးတယ်လို့ဆိုတဲ့ ချဲလ်ဆီးနည်းပြ မာရက်စကာ”
27 Dec
ချဲလ်ဆီးနည်းပြ မာရက်စကာ က မန်စီးတီးအသင်း အနေနဲ့ လတ်တလောမှာ ရလဒ်များ ဆိုးရွားနေပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှာ ပါဝင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်နောက်ဆုံး ၈ ပွဲမှာ ၁ ပွဲသာ အနိုင်ထားရပြီး ၆ ပွဲအထိ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ပွဲစဉ် (၁၇) အပြီးမှာ ရမှတ် ၂၇ မှတ်နဲ့ အဆင့် (၅) နေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ တစ်ပွဲလျော့ကစားထားတဲ့ လီဗာပူးလ်အသင်းနဲ့ ၁၂ မှတ်အထိ ကွာဟနေသလို၊ အဆင့် (၂) မှ ချဲလ်ဆီးအသင်းနှင့်လည်း ၈ မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။ ချဲလ်ဆီး နည်းပြ မာရက်စကာက မန်စီးတီးအသင်း ဟာ အခုလိုအမှတ်တွေ ကွာဟနေပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)
27 Dec