“နာပိုလီအသင်းကို လေ့ကျင့်မှုနှစ်ကြိမ် ပြုလုပ်ခဲ့တဲ့ နည်းပြ ကွန်တီ”
27 Dec
နာပိုလီနည်းပြ ကွန်တီ က ခရစ္စမတ်အကြိုနေ့မှာ အသင်းကစားသမားများကို လေ့ကျင့်မှုနှစ်ကြိမ် ပြုလုပ်စေခဲ့ တယ်လို့ သိရပါတယ်။ နာပိုလီအသင်းဟာ စီးရီးအေပွဲစဉ် (၁၇) အပြီးမှာ ရမှတ် ၃၈ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး အမှတ်ပေး ဇယားထိပ်ဆုံးမှ အတ္တလန်တာအသင်းနဲ့ ၂ မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။ နာပိုလီအသင်းက ဒီဇင်ဘာလ ၂၉ ရက်မှာ စီးရီးအေပွဲစဉ် (၁၈)အဖြစ် ဗင်နီဇီယာအသင်းကို အိမ်ကွင်းတွင် လက်ခံကစားရမှာ ဖြစ်ပါတယ်။ ကွန်တီ က ခရစ္စမတ်နေ့မှာ အသင်းကစားသမားများကို အားလပ်ရက်ပေးခဲ့တာကြောင့် ခရစ္စမတ်အကြိုနေ့မှာ လေ့ကျင့်မှု ၂ ကြိမ်အထိ ပြုလုပ်စေခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)
27 Dec