“ရပ်ရှ်ဖို့ဒ် ရဲ့ နေရာမှာ အိုဆင်မန် နဲ့ အစားထိုးဖို့ စဉ်းစားနေတဲ့ မန်ယူအသင်း”

27 Dec

မန်ယူအသင်းက လာမည့်ဇန်နဝါရီလမှာ အသင်းမှထွက်ခွာဖွယ်ရှိနေတဲ့ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် ရဲ့ နေရာမှာ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်နဲ့ အစားထိုးရန်စဉ်းစားနေကြောင်း သိရပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် ဟာ မန်ယူအသင်းရဲ့ လူစာရင်းမှ ၃ ပွဲဆက် ချန်လှပ်ခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ရပ်ရှ်ဖို့ဒ် ဟာ လာမယ့်အပြောင်းရွှေ့ကာလတွင် အသင်းကနေ ထွက်ခွာဖို့ရှိ နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဒါကြောင့် မန်ယူအသင်းက လာမယ့်ဇန်နဝါရီလမှာ အသင်းမှ ထွက်ခွာဖွယ်ရှိနေတဲ့ ရပ်ရှ်ဖို့ဒ် ရဲ့နေရာမှာ ဂါလာတာစာရေးအသင်းသို့ တစ်ရာသီအငှားနဲ့ သွားရောက်ကစားနေတဲ့ နာပိုလီတိုက်စစ်မှူး အိုဆင်မန် နဲ့ အစားထိုးရန် စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ (NVS 008)

27 Dec

ADVERTISE HERE .