“နည်းပြ ဘရာဂျာ ကို ထုတ်ပယ်လိုက်တဲ့ ဗလန်စီယာအသင်း”

26 Dec

လာလီဂါမှာ ရုန်းကန်နေရတဲ့ ဗလန်စီယာအသင်းဟာ ဒီဇင်ဘာလ ၂၃ ရက်မှာ နည်းပြ ဘရာဂျာ ကို ရာထူး ကနေ ထုတ်ပယ်လိုက်ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်မှာ အလာဗက်စ်အသင်းနဲ့ ၂ ဂိုးစီသရေကျပြီးတဲ့နောက် ဗလန်စီယာအသင်းဟာ အခုရာသီ လာလီဂါ ၁၇ ပွဲမှာ ၂ ပွဲသာအနိုင်ရထားပြီး တန်းဆင်းဇုန်ထဲက အဆင့် ၁၉ နေရာကို ရောက် ရှိနေပါတယ်။ အသင်းနည်းပြ ဘာရာဂျာရဲ့ တာဝန်ထမ်းဆောင်မှုကို အဆုံးသတ်ဖို့ ကလပ်အသင်းဘက်က ဆုံးဖြတ်လိုက်ပြီး အသင်းအတွက် ဘရာဂျာရဲ့ စွမ်းဆောင်မှုပေးခဲ့မှုတွေအပေါ် ကျေးဇူးတင်ပါတယ်လို့ ကြေညာချက်မှာ ရေးသားထား ပါတယ်။ ဗလန်စီယာအသင်းရဲ့ ဂန္ထဝင်ကစားသမားလည်းဖြစ်တဲ့ ဘရာဂျာဟာ ၂၀၂၃ ဖေဖော်ဝါရီလမှာ အသင်း နည်းပြတာဝန်ကို ရယူခဲ့တာဖြစ်ပြီး ရာသီအကုန်မှာ အသင်းကို အဆင့် ၉ နေရာ ရပ်တည်နိုင်အောင် ဦးဆောင်ပေးနိုင် ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုရာသီမှာတော့ ဗလန်စီယာအသင်းဟာ ရလဒ်တွေ ဆိုးရွားနေခဲ့သလို တန်းဆင်းဇုန်ထဲကျ ရောက်နေတာဖြစ်လို့ အခုလိုမျိုး ဘရာဂျာ ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ထုတ်ပယ်လိုက်တဲ့ နည်းပြ ဘရာဂျာ ရဲ့နေရာမှာ အစားထိုးမယ့်နည်းပြကို အမြန်ဆုံးရှာဖွေသွားမယ်လို့ ဗလန်စီယာအသင်းရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။ (NVS 008)

26 Dec

ADVERTISE HERE .