ခေါင်းကိုက်ခြင်းအတွက် သောက်သင့်တဲ့ အရည်တွေ
24 Dec
ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ခေါင်းကိုက်ခြင်းအတွက် သောက်သင့်တဲ့အရည်တွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ဂျင်း လက်ဖက်ရည်သောက်ပေးပါ။ ဂျင်းက သွေးကြောတွေကို ပြေလျော့စေပြီး ဦးနှောက်ဆီ သွေးစီးဆင်းမှု ကောင်းစေသလို ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အဲ့ဒါကြောင့် ခေါင်းကိုက်တဲ့အခါမှာ ရေနွေး ဆူဆူထဲကို ဂျင်း လက်တစ်ဆစ်လောက်ကို ထည့်စိမ်ပြီး ၁၅ မိနစ်လောက်ထားကာ သောက်လိုက်ပါ။ ခရမ်းချဉ်သီးဖျော်ရည်မှာ ခေါင်းကိုက်တာကို သက်သာစေနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ ခေါင်းကိုက်တဲ့အခါ ခရမ်းချဉ်သီးဖျော်ရည် သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။ ရေလည်း သောက်ပေးပါ။ ခေါင်းကိုက်ခြင်း အများစုက ရေဓာတ် လျော့နည်းတာကြောင့် ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ခေါင်းကိုက်လာရင် အရင်ဆုံး ရေတစ်ခွက် သောက်ပါ။ ရေသောက်တာက ဦးနှောက်ဆီ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှုကောင်းစေပြီး ခေါင်းကိုက်တာကို သက်သာစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရေသောက်မယ်ဆိုရင် ရိုးရိုးရေနဲ့ ရေနွေးနွေးလေးကိုပဲ သောက်ပေးပါ။ ရေခဲရေက အခန့်မသင့်ရင် ခေါင်းကိုက်တာကို ပိုဆိုးစေနိုင်ပါတယ်။ မနက်ခင်းတိုင်း ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ဖယ်ရှားဖို့ဆိုပြီး သောက်လေ့ရှိတဲ့ လီမွန်တီးက ခေါင်းကိုက်တာကိုလည်း သက်သာစေနိုင်ပါတယ်။ အဲ့ဒါကြောင့် ခေါင်းကိုက်လာရင် သံပုရာသီးကို အရွယ်တော် အကွင်းလိုက် လှီးပြီး ရေနွေးပူပူထဲ ၁၅ မိနစ် စိမ်လို့ သောက်ပေးပါ။ အယ်လ်မွန်နို့မှာ မဂ္ဂနီဆီယမ်ဓာတ် နဲ့ ခေါင်းကိုက်တာကို သက်သာစေမယ့် အခြားသော သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ အယ်လ်မွန်နို့တစ်ခွက်သောက်တာက အကိုက်အခဲပျောက်ဆေး သောက်သလိုပဲ ခေါင်းကိုက် တာကို သိသိသာသာ သက်သာစေမှာပါ။ အယ်လ်မွန်နို့က သဘာဝအကိုက်အခဲပျောက်ဆေးဆိုလည်း မမှားပါဘူး။ အဲ့ဒါကြောင့် ခေါင်းကိုက်လာရင် အယ်လ်မွန်နို့ သောက်ပေးလို့ ရပါတယ်။ ငါးကြီးဆီမှာ ဦးနှောက်ထဲက သွေးကြောတွေရဲ့ ဖိအားကို လျှော့ချပေးနိုင်တဲ့ အာနိသင်ရှိတဲ့ omega-3 fatty acids ပါဝင်နေပါတယ်။ ဦးနှောက်ဆီ သွေး နဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှု ကောင်းစေပြီး ခေါင်းကိုက်တာကို သက်သာပါတယ်။ (NVS 003)