လီဗာပူးလ်အသင်း က ညာနောက်ခံကစားသမား ဖရင်ပေါင် ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းသိရ

23 Dec

ယခုရာသီကုန်တွင် လီဗာပူးလ်အသင်း ညာနောက်ခံကစားသမား အာနိုးလ် ဟာ အသင်းနှင့်စာချုပ် သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ရီးရဲလ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့နိုင်ကြောင်း သတင်းထွက် ပေါ်နေပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်း က အာနိုးလ် ကို စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းနေသော်လည်း အဆင် မပြေခဲ့ပါက ၎င်း၏နေရာတွင် အစားထိုးရန်အတွက် အသက် ၂၄ နှစ်အရွယ် လေဗာကူဆင်အသင်းမှ နယ်သာလန် ညာနောက်ခံကစားသမား ဖရင်ပေါင် ကို စိတ်ဝင်စားနေခြင်းဖြစ်ပါတယ်။ ဖရင်ပေါင် ကို လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့ ကလည်း သဘောကျသူဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

23 Dec

ADVERTISE HERE .