ဇန်နဝါရီအပြောင်းအရွှေ့တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အော်လ်မို ထွက်ခွာနိုင်
22 Decဘာစီလိုနာအသင်းကွင်းလယ်တိုက်စစ်ကစားသမား အော်လ်မို ဟာ လာမည့်ဇန်နဝါရီမှာ ပြောင်းရွှေ့ကြေး အလွတ်ဖြင့် အသင်းမှထွက်ခွာနိုင်ကြောင်း သတင်းများကဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းက အော်လ်မို ကို ပြီးခဲ့တဲ့ နွေရာသီမှာ ယူရိုသန်း ၆၀ ဝန်းကျင်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အသင်းရဲ့ ဘဏ္ဍာရေးကျပ်တည်းမှုကြောင့် အော်လ်မို ကို ရာသီဝက်အတွက်သာ စာရင်းသွင်းထားကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ အော်လ်မို ကို ဒုတိယရာသီဝက်အတွက် စာရင်းသွင်းနိုင်ခြင်းမရှိပါက ကစားသမား အနေနဲ့ အသင်းနဲ့ချုပ်ဆိုထားတဲ့စာချုပ်ကို ဖျက်သိမ်းပြီး ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာနိုင်ကြောင်း သိရပါ တယ်။ ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ ကတော့ ၎င်းတို့အနေနဲ့ အော်လ်မို ကို ဒုတိယရာသီဝက်အတွက် စာရင်းသွင်းနိုင်စွမ်းရှိကြောင်း ပြောကြားထားပါတယ်။(NVS 008)
22 Dec