မန်ယူအသင်းက ပေါ်တီနိုအသင်း နောက်ခံကစားသမား လီယွန် ကိုခေါ်ယူရန် သဘောတူညီမှုရရှိ

22 Dec

မန်ယူအသင်းနည်းပြ အာမိုရင် လက်ထက် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ပါရာဂွေးကလပ် ပေါ်တီနို အသင်း ခံစစ်ကစားသမား လီယွန် ကိုခေါ်ယူရန် သဘောတူညီရရှိခဲ့ကြောင်း သိရပါတယ်။ အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ လီယွန် အတွက် မန်ယူအသင်းက ကနဦးပြောင်းရွှေ့ကြေး စတာလင် ပေါင် ၃ သန်းသာ ပေးချေရမှဖြစ်ပြီး ကစားသမားရဲ့ ခြေစွမ်းနှင့် ပွဲကစားခွင့်အပေါ်မူတည်ကာ အပိုဆုကြေး ပေးချေရမှာဖြစ်ပါတယ်။ မန်ယူအသင်းက လက်ရှိမှာ ခံစစ်ကစားသမားများဖြစ်တဲ့ လုခ်ရှော နဲ့ မာလာစီယာ တို့ကို ကာလရှည် လက်လွှတ်ခဲ့ရလို့ တောင်ပံနှင့် ဗဟိုခံစစ်ပိုင်းတွင် လိုက်ပါကစားနိုင်မယ့် လီယွန် ကို ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ လီယွန် အနေနဲ့ လက်ရှိဘောလုံးရာသီမှာ ပါရာဂွေးကလပ် ပေါ်တီနိုအသင်းနဲ့ အတူ ပြိုင်ပွဲစုံ ၂၁ ပွဲကစားပြီး သွင်းဂိုး ၂ ဂိုး သွင်းယူပေးထားနိုင်တာ ဖြစ်ပါတယ်။(NVS 008)

22 Dec

ADVERTISE HERE .