အင်တာမီလန်အသင်းတွင် ဆက်ရှိသွားမယ်ဆိုတဲ့ ဒီမာကို
22 Dec
အင်တာမီလန်အသင်း နောက်ခံကစားသမား ဒီမာကို အနေနဲ့ အသင်းမှထွက်ခွာရန် သတင်းများထွက်ပေါ် ခဲ့ခြင်းဟာ ကောလာဟလသာဖြစ်ကြောင်းနဲ့ လက်ရှိအသင်းမှာသာ ဆက်ရှိသွားမည်ဖြစ်ကြောင်းကို အင်တာမီလန် အသင်းက ကြေညာခဲ့ပါတယ်။ နောက်ခံကစားသမား ဒီမာကို အား လက်ရှိတွင် မန်ယူအပါအဝင် ဥရောပအသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ကစားသမားကိုယ်တိုင်က အင်တာမီလန်အသင်းမှာသာ ဆက်ရှိနေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီမာကို ဟာ အင်တာမီလန်အသင်းနဲ့အတူ လက်ရှိဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၁၈ ပွဲကစားပြီး ၃ ဂိုးသွင်းယူကာ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်တာဖြစ်ပါတယ်။ အင်တာမီလန်အသင်းက ဒီမာကို အနေနဲ့ အသင်းမှာပဲ ဆက်ရှိသွားမှာဖြစ်ပြီး အသင်းအတွက် လိုအပ်တဲ့ကစားသမားဖြစ်သလို ဒီမာကို ကလည်း အသင်းမှာသာ ပျော်ရွှင်နေကြောင်းကို ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)
22 Dec