ရှုံးပွဲဆက်ခဲ့ပြန်တဲ့ မန်စီးတီး

22 Dec

ပရီးမီးယားလိဂ်ပွဲစဉ် (၁၇)အဖြစ် အေဗီလာအသင်းနဲ့ မန်စီးတီးအသင်းတို့ ပွဲစဉ်မှာ မန်စီးတီးအသင်းက အေဗီလာအသင်းကို နှစ်ဂိုး၊ တစ်ဂိုးနဲ့ ရှုံးနိမ့်ပြီး ရှုံးပွဲဆက်ခဲ့ပြန်ပါတယ်။ အဆိုပါပွဲစဉ်မှာ အဓိကကစားသမားအများစု ဒဏ်ရာကြောင့်လွဲချော်ခဲ့သလို အဝေးကွင်းမှာ ရုန်းကန်နေခဲ့ပါတယ်။ အေဗီလာအသင်းအတွက် ဂိုးတွေကို ပထမပိုင်းပွဲချိန် ၁၆ မိနစ်တွင် ဒူရမ် က ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန် ၆၅ မိနစ်မှာ လူငယ်ကစားသမား ရော်ဂျာ က ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းက လူစားလဲမှုများနဲ့ တိုက်စစ်ပိုင်းကို မြှင့်တင်ကစားခဲ့ပြီး ပွဲချိန် ၉၃ မိနစ်မှာ ဖိုဒန် က ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့လို့ ပွဲပြီးချိန်မှာ နှစ်ဂိုး၊ တစ်ဂိုးနဲ့ မန်စီးတီးအသင်းက ရှုံးနိမ့်ခဲ့ပါတယ်။ အဆိုပါရှုံးပွဲကြောင့် မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၁၂ ပွဲမှာ နော်တင်ဟမ်အသင်းနဲ့ပွဲစဉ် တစ်ပွဲကိုသာ အနိုင်ရပြီး ကိုးပွဲရှုံး၊ နှစ်ပွဲသရေရလဒ်ကို ရရှိခဲ့ပါတယ်။(NVS 008)

22 Dec

ADVERTISE HERE .