မလေးရှားက ပျောက်ဆုံး MH 370 လေယာဉ်ကို ထပ်မံရှာဖွေမည်
22 Decမလေးရှားအစိုးရသည် လွန်ခဲ့သော ၁၀ နှစ်ကျော်က ပဟေဠိဆန်စွာပျောက်ဆုံးပြီး ယနေ့ထိတိုင် အစအနရှာမတွေ့နိုင်သေးသည့် MH 370 လေယာဉ်ကို ထပ်မံရှာဖွေသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ လူပေါင်း ၂၃၉ ဦးကို တင်ဆောင်လာသည့် Beoing 777 အမျိုးအစား အဆိုပါလေယာဉ်သည် ၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်တွင် ကွာလာလမ်ပူမြို့မှ ပေကျင်းမြို့သို့ ပျံသန်းစဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ထိုလေယာဉ်ကို လေကြောင်းလုပ်ငန်းသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးဖြစ်သည့် ရှာဖွေမှုများဖြင့် ရှာဖွေခဲ့သော်လည်း ယခုအချိန်အထိ ပြန်လည်မတွေ့ရှိရသေးခြင်းဖြစ်သည်။ သို့သော် Ocean Infinity ကုမ္ပဏီက ယင်းလေယာဉ်ကို ထပ်မံရှာဖွေရန် ခွင့်ပြုချက်တောင်းခံမှုအပေါ် မလေးရှားအစိုးရက ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
22 Dec