ဥရောပသမဂ္ဂအနေနဲ့ အမေရိကန်မှ ရေနံနှင့်ဓာတ်ငွေ့ပိုမဝယ်လျှင် စည်းကြပ်ခွန်တိုးမြှင့်မည်ဟု ထရမ့် ခြိမ်းခြောက်

22 Dec

ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်မှ ရေနံနှင့်သဘာဝဓာတ်ငွေ့မျာကို ပိုမိုဝယ်ယူခြင်းမရှိပါက ယင်းသမဂ္ဂမှ အမေရိကန်သို့တင်သွင်းနေသော သွင်းကုန်များအပေါ် စည်းကြပ်အခွန်တိုးမြှင့်ကောက်ခံမည်ဟု အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် က ခြိမ်းခြောက်လိုက်သည်။ ဥရောပသမဂ္ဂသည် အမေရိကန်နိုင်ငံနှင့် ပတ်သက်လာလျှင် ဆယ်စုနှစ်များစွာကြာသည်အထိ ကုန်သွယ်ရေးပိုငွေပြနေကြောင်း၊ ထို့ကြောင့်အမေရိကန်ဘက်က ကုန်သွယ်ရေးလိုငွေကို ပြန်ပေးရမည်ဖြစ်ကြောင်း၊ ယင်းအတွက် ဥရောပသမဂ္ဂက အမေရိကန်မှ ရေနံနှင့်သဘာဝဓာတ်ငွေ့များကို ပိုမိုဝယ်ယူပေးရမည်ဖြစ်ကြောင်း ထရမ့် က ဒီဇင်ဘာလ ၂၀ ရက်တွင် ပြောသည်။ ဒေါ်နယ်ထရမ့် သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ပြီး သမ္မတမဖြစ်မီမှာပင် အမေရိကန်၏ အကြီးဆုံးသောကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့ကိုလည်း သွင်းကုန်စည်းကြပ်အခွန်များ တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက်ထားသေးသည်။ ယူကရိန်းပဋိပက္ခကို အကြောင်းပြု၍ အနောက်အုပ်စုက ရုရှားအပေါ်ပိတ်ဆို့မှုများ ချမှတ်ပြီးနောက် ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်မှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ အပေါ်ကိုသာ မှီခိုလာရကြောင်း သိရသည်။

22 Dec

ADVERTISE HERE .