ရီးရဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် ဆုဖလားအများဆုံးရရှိခဲ့တဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်ခဲ့တဲ့ မိုဒရစ်

21 Dec

ရီးရဲလ်မက်ဒရစ်အသင်း ဝါရင့်ကွင်းလယ်ကစားသမား မိုဒရစ် ဟာ အသင်းနဲ့အတူ FIFA Intercontinental Cup ဖလား ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် ဆုဖလားအများဆုံး ရရှိထားတဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ မိုဒရစ် အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းသို့ ၂၀၁၂ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းနဲ့အတူ ဘောလုံးရာသီတိုင်းမှာ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပြီး ဆုဖလားများစွာကို ဆွတ်ခူးနိုင်ခဲ့ ပါတယ်။ ရီးရဲလ်အသင်းနဲ့အတူ ဆယ်စုနှစ်တစ်ခုကျော် ကစားခဲ့ပြီးနောက် စပိန်လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလား၊ စပိန်စူပါဖလား၊ စပိန်ကိုပါဒယ်ရေးဖလား၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလား တို့အပါအဝင် ဆုဖလားစုစုပေါင်း ၂၈ ကြိမ်အထိ ရရှိခဲ့ပြီးနောက် ဆုဖလားအများဆုံး ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းသမိုင်းတစ်လျှောက် ဆုဖလားအများဆုံး ကစားသမားစာရင်းတွင် မိုဒရစ် ရဲ့နောက်မှ ကာဗာဂျယ် က ၂၇ ကြိမ်၊ နာချို က ၂၆ ကြိမ်၊ မာဆယ်လို က ၂၅ ကြိမ်နဲ့ ဘန်ဇီမာ က ၂၅ ကြိမ်တို့ဖြင့် အသီးသီးရပ်တည်လျက်ရှိပါတယ်။(NVS 008)

21 Dec

ADVERTISE HERE .