ရုရှားက mRNA မော်လီကျူးအခြေခံ ကင်ဆာကာကွယ်ဆေးတစ်မျိုး ဖန်တီးထား
21 Decရုရှားသုတေသနပညာရှင်များသည် mRNA မော်လီကျူးအခြေခံ ကင်ဆာကာကွယ်ဆေးတစ်မျိုးကို ဖန်တီး ထားကြောင်း ဒီဇင်ဘာလ ၁၉ ရက် သတင်းများအရ သိရသည်။ လက်တွေ့ စမ်းသပ်မှုရလဒ်များ အခိုင်အမာအတည်ပြုနိုင်ချိန်တွင် ၎င်းကင်ဆာကာကွယ်ဆေးသစ်များကို ကင်ဆာလူနာများအတွက် အခမဲ့ပေးဝေမည်ဖြစ်ကြောင်း ရုရှားကျန်းမာရေးဝန်ကြီးဌာန ဓာတ်ရောင်ခြည် ဆေးပညာ သုတေသနဌာန တာဝန်ရှိသူများက ပြောကြားထားသည်။ ပဏာမ စမ်းသပ်မှုရလဒ်များအရ အဆိုပါ ကင်ဆာကာကွယ်ဆေးသည် ကင်ဆာဆဲလ်များ ကြီးထွားမှုကို ထိန်းချုပ်ပေးထားနိုင်ကြောင်း သိရသည်။ ၎င်းကင်ဆာကာကွယ်ဆေးကို ၂၀၂၅ ခုနှစ် အစောပိုင်းတွင် ကင်ဆာလူနာများအတွက် စတင်အသုံးပြု နိုင်ရန် ရုရှားဆေးပညာရှင်များက ရည်ရွယ်ထားသည်။ အဆိုပါ ကင်ဆာကာကွယ်ဆေးကို ရုရှားသုတေသနဌာန များကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ mRNA ကာကွယ်ဆေးသည် ခုခံအားစနစ် တုံ့ပြန်မှုကို ဖန်တီးပေးနိုင်သည့် ကာကွယ်ဆေးအမျိုးအစား ဖြစ်ပြီး mRNA မော်လီကျူးများကို အသုံးပြု၍ဖန်တီးရသော ကာကွယ်ဆေးအမျိုးအစား ဖြစ်ကြောင်းသိရသည်။