ကုန်ဈေးနှုန်းသတင်း ၂၀.၁၂.၂၀၂၄

20 Dec

ဒီဇင်ဘာလ ၂၀ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေပြီး ပြောင်းဆန်နဲ့ အခြားပဲအများစု‌ဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ ကြက်သွန်ဖြူ၊ အာလူးနဲ့ မန်ကျည်းသီးဈေးတွေ ဈေးငြိမ်နေပေမယ့် ကြက်သွန်နီဈေးကတော့ ဆက်တိုက်ကျဆင်းနေ ပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၁၁,၆၉၆ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၂၄,၃၉၂ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၇၉၀ ကျပ်ကနေ ၅,၈၂၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၁၃,၆၈၉ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၅၈၀ ကျပ်ကနေ ၆,၃၈၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၂၅၀ ကျပ်ကနေ ၄,၉၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၁၃၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၁၄၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၄,၈၃၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၈၃၀ ကျပ်ကနေ ၈,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၅၀ ကျပ်ကနေ ၁,၆၇၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၆၅၀ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၅၀၀ ကျပ်ကနေ ၆,၅၈၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၂၀၀ ကျပ်ကနေ ၄,၂၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၂,၀၀၀ ကျပ်ကနေ ၁၆,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ ငါးကျီးကြပ်တိုက် တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၉၀,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၂၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၇၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၅၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၃၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၁၁၀ ကျပ်၊ မန္တလေးမှာ ၃,၂၂၅ ကျပ်၊ နေပြည်တော်မှာ ၃,၁၉၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၂၂၀ ကျပ်၊ မန္တလေးမှာ ၃,၃၃၅ ကျပ်၊ နေပြည်တော်မှာ ၃,၃၀၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၅၅ ကျပ်၊ မန္တလေးမှာ ၂,၇၇၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၃၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၉၀ ကျပ်၊ မန္တလေးမှာ ၃,၄၀၅ ကျပ်၊ နေပြည်တော်မှာ ၃,၃၇၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၂၅၀,၀၀၀/-) ငါးဆယ် နှစ်သိန်း ငါးသောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၁၃၀,၀၀၀ိ/-) ခြောက်ဆယ် တစ်သိန်း သုံးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

20 Dec

ADVERTISE HERE .