“ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တစ်ရက်လျှင် ကြက်သွန်နီပိဿာ တစ်သိန်းခွဲခန့် ဝင်ရောက်”
20 Decရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တစ်ရက်လျှင် ကြက်သွန်နီပိဿာ တစ်သိန်းခွဲခန့် ဝင်ရောက်လျက် ရှိနေပြီး နယ်စုံမှ မိုးကြက်သွန်နီအသစ်များ ဝင်ရောက်နေလျက်ရှိကာ ယခုရက်ပိုင်းအတွင်းမှာ ကြက်သွန်နီအဝင် များလျက်ရှိနေကြောင်း သိရပါတယ်။ ဒါ့အပြင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ မြစ်သား၊ မြင်းခြံ၊ ပခုက္ကူ စတဲ့ မြို့နယ်များမှလည်း ကြက်သွန်နီများ ဝင်ရောက်နေပြီး နယ်စုံသို့ ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိနေပါတယ်။ နွေကြက်သွန်နီများမှာ အရည်အသွေး ကောင်းမွန်ပြီး တာရှည်ခံတာကြောင့် ကြက်သွန်ကုန်သည်နှင့် ဝယ်လက်များက သိုလှောင်ရောင်းချကြကြောင်း သိရပါ တယ်။ မြန်မာနိုင်ငံ၌ ကြက်သွန်နီကို နေရာအနှံ့အပြား၌ စိုက်ပျိုးလေ့ရှိကြကာ မြစ်သား၊ မြင်းခြံ၊ ပခုက္ကူ စတဲ့ ဒေသများမှ ထွက်ရှိတဲ့ ကြက်သွန်နီများကို လူကြိုက်များနေခြင်းတို့ကြောင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီများ အဝင်များနေခြင်းဖြစ်ပါတယ်။ (NVS-004)