“ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ဆေးလိပ်ငွေ့ကင်းစင်နေရာ ၁၀၂ နေရာ သတ်မှတ်ထားပြီး”
20 Decမန္တလေးတိုင်းဒေသကြီးမြို့နယ်ရှိ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းမှာ ဆေးလိပ်ငွေ့ကင်းစင်နေရာ ၁၀၂ နေရာအထိ သတ်မှတ်ထားနိုင်ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။ အဆိုပါ ဆေးလိပ်ငွေ့ကင်းစင်နေရာ ၁၀၂ နေရာတွင် ဘုရားစေတီပေါင်း ၁၇ ဆု၊ ရှေးဟောင်းအဆောက်အအုံ ၂၃ ခု၊ အစိုးရရုံးဌာန ၁၁ ခု၊ စာသင်ကျောင်း ခြောက်ကျောင်း၊ စားသောက်ဆိုင် ကိုးဆိုင်၊ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၃၁ ခု၊ ကလေးအားကစားကွင်း လေးခုနှင့် ရုပ်ရှင်ရုံတစ်ရုံတို့ ပါဝင်ပါတယ်။ အဆိုပါ ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ဦးဆောင်မှုနဲ့ ၂၀၁၅ ခုနှစ်က စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ပုဂံငလျင်ကြောင့် ရှေးဟောင်းစေတီပုထိုးများနှင့် အဆောက်အအုံများမှာ ထိခိုက်ပျက်စီးခဲ့ခြင်းကြောင့် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်း ဆောင်ရွက်မှုမှာ အရှိန်လျော့ကျခဲ့ ပြီး ၂၀၁၈ ခုနှစ်မှ လက်ရှိအချိန်ထိ ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိနေပါ တယ်။ ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရခြင်းမှာ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဒေသခံပြည်သူ များနှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ လာရောက်လည်ပတ်ကြတဲ့ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ၏ ကျန်းမာရေး ကောင်းကျိုးများရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်မှပြဋ္ဌာန်းထားသော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဥပဒေပါ အချက်အလက်များကို ပြည်သူများသိရှိလိုက်နာလာစေရန် ရည်ရွယ်ကာ ထိုကဲ့သို့ ဆေးလိပ်ငွေ့ကင်းစင်နေရာများ ဖော်ဆောင်ရခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS-004)