ဖလော်ရီယန်ဝစ်ဇ် ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတဲ့ လေဗာကူဆင်အသင်း
20 Decလေဗာကူဆင်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားတစ်ဦးဖြစ်တဲ့ ဖလော်ရီယန်ဝစ်ဇ် ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖလော်ရီယန်ဝစ်ဇ် ဟာ လေဗာကူဆင်အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ခဲ့တာကြောင့် ဥရောပထိပ်တန်းကလပ်အသင်းကြီးတွေက ဖလော်ရီယန်ဝစ်ဇ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြပါတယ်။ ဒါကြောင့် လေဗာကူဆင်အသင်း က ဖလော်ရီယန်ဝစ်ဇ် ကို စာချုပ်သက်တမ်းတိုးဖို့ အစောတလျင် လုပ်ဆောင်နေခြင်းလည်း ဖြစ်ပါတယ်။ ဖလော်ရီယန်ဝစ်ဇ် ဟာ လေဗာကူဆင်အသင်းမှာ ပြိုင်ပွဲစုံ ၁၇၆ ပွဲကစား သွင်းဂိုး ၅၂ ဂိုးအထိ သွင်းယူပေးထားပါတယ်။(NVS 008)
20 Dec