မြန်မာ-ထိုင်းနယ်စပ်ရှိ ဆံတော်ရှင် မုလအိစေတီတော်သို့ ထိုင်းခရီးသွားများ လာရောက်လည်ပတ်မှုများပြား

20 Dec

မြန်မာ-ထိုင်းနယ်စပ်ရှိ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဒေါနတောင်တန်း၏ အမြင့်ဆုံးဖြစ်သော ပင်လယ်ရေမျက်နှာပြင် အထက် ၂,၀၀၅ မီတာ (၆,၅၇၈ ပေ) အမြင့်တွင်တည်ရှိတဲ့ မုလအိတောင်တန်းနှင့် ဆံတော်ရှင် မုလအိစေတီတော်သို့ ထိုင်းခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်းသိရပါတယ်။ အဆိုပါဒေသသို့ လာရောက်သည့် ခရီးသွားအများစုမှာ ထိုင်းနိုင်ငံသားခရီးသွားဧည့်သည်များဖြစ်ပြီး မြန်မာ ခရီးသွားဧည့်သည် အနည်းငယ်သာ လာရောက်ကြောင်းသိရပါတယ်။ အပတ်စဉ်တွင် ထိုင်းနိုင်ငံမှ ခရီးသွားများ ရာနှင့်ချီ၍ လာရောက်လည်ပတ်ကြတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှ လာရောက်ကြသူများမှာ ဝေါလေမြိုင်မှ ကားစီးလုံးငှား၍ လာရောက်ကြပြီး မြဝတီဘက်မှလည်း ကားစီးလုံးငှားနဲ့ နေ့ချင်းပြန်လာရောက်လည်ပတ်ကြပါတယ်။ လာမယ့်တပေါင်းလပြည့်နေ့တွင် ဆံတော်ရှင်မုလအိ စေတီမြတ်ကြီးအား ရွှေထီးတော်အသစ် တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

20 Dec

ADVERTISE HERE .