ကြံဈေးကောင်းလာတာကြောင့် ကြံစိုက်ပျိုးသူများ များပြားလာ

20 Dec

ကြံစိုက်တောင်သူတွေအနေနဲ့ အခုနှစ်ဈေးကွက်အခြေအနေအရ ကြံစိုက်ပျိုးမှုဟာ ပြောင်း၊ နှမ်း စိုက်ပျိုးမှုတွေ ထက် အမြတ်ပိုမိုရရှိလာတာကြောင့် ကြံကိုအဓိကအားထားစိုက်ပျိုးနေကြတယ်လို့ ကြံစိုက်တောင်သူတစ်ချို့ဆီကနေ သိရပါတယ်။ လက်ရှိမှာ ကြံတစ်တန်ကို ကျပ်နှစ်သိန်းလောက် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့နှစ်ကတော့ ကြံတစ်တန်ကို ကျပ် ၁ သိန်း ၆ သောင်းဝန်းကျင်လောက်ပဲရရှိခဲ့တာကြောင့် အခုနှစ်မှာ ကြံဈေးနှုန်းမြင့်တက်နေတာကြောင့် ကြံ စိုက်ပျိုးသူ များပြားလာခြင်းဖြစ်ပါတယ်။ ကြံစိုက်ပျိုးမှုကို နှစ်စဉ် ဒီဇင်ဘာလမှာ စတင်စိုက်ပျိုးလေ့ရှိကြပြီး နောက်နှစ်မတ်လပိုင်း လဝက်မှာ ရိတ်သိမ်းလေ့ရှိကြကာ ကြံထွက်ရှိမှုအနေနဲ့လည်း တစ်ဧကမှာ တန် ၄၀ ကနေ တန် ၆၀ ဝန်းကျင် ထွက်ရှိပါတယ်။ ကြံစိုက်တောင်သူတွေအနေနဲ့ ကြံတစ်ဧကကို အခင်းသစ်စိုက်ပျိုးပါက ကျပ် ၁၅ သိန်းကနေ ကျပ်သိန်း ၂၀ ဝန်းကျင်အထိ စိုက်ပျိုးမှုအထွေထွေကုန်ကျစရိတ်ရှိပြီး အခင်းဟောင်းဖြစ်ပါက ကျပ် ၄ သိန်း ဝန်းကျင် ကုန်ကျတယ်လို့ သိရပါတယ်။ (NVS 004)

20 Dec

ADVERTISE HERE .