၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ကျပ် ၅၃ ဘီလီယံ‌ကျော်သုံး၍ ဗလာစာအုပ်များထောက်ပံ့ရန်လျာထား

20 Dec

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူ ၇ သန်းကျော်အတွက် ဗလာစာအုပ်တွေထောက်ပံ့ဖို့ ကျပ် ၅၃ ဒသမ ၉ ဘီလီယံကျော် အသုံးပြုဖို့လျာထားခဲ့တယ်လို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက် အလက်များအရ သိရပါတယ်။ ဒါ့အပြင် အခြေခံပညာကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ မူလတန်း ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းဝတ်စုံထောက်ပံ့ဖို့အတွက် ကျပ် ၂၄ ဒသမ ၆ ဘီလီယံကျော်သုံးစွဲဖို့ လျာထားခဲ့ပြီး အခြေခံပညာကျောင်းနဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေက မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားကျောင်းသူတွေကို ခဲတံ၊ ‌ဘောလ်ပင်တွေအပြင် စာရေးကိရိယာများထောက်ပံ့ဖို့အတွက် ကျပ် ၅ ဒသမ ၆ ဘီလီယံကျော် သုံးစွဲဖို့လျာထားခဲ့တယ်လို့ သိရပါတယ်။ School Improvement Support Program (SISP)နဲ့ ကျောင်းထောက်ပံ့ကြေးတို့အတွက်လည်း ကျပ် ၅၂ ဒသမ ၅ သန်းကျော်သုံးစွဲဖို့ လျာထားခဲ့ပါတယ်။ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးမှာ ကျောင်းအပ်နှံခဲ့တဲ့ ကျောင်းသားကျောင်းသူ ၆၈ သိန်းနီးပါးရှိတယ်လို့ ပညာ‌ရေးဝန်ကြီးဌာနက သိရပါတယ်။ (NVS 004)

20 Dec

ADVERTISE HERE .