ရုရှားက ယူကရိန်းနှင့်ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိနေသော်လည်း ယူကရိန်းဘက် က အသင့်မဖြစ်သေး ဟုဆို

20 Dec

ရုရှားအစိုးရအနေဖြင့် ယူကရိန်းနိုင်ငံနှင့်ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိနေသော်လည်း ယူကရိန်းဘက် က အသင့်မဖြစ်သေးကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် က ဒီဇင်ဘာလ ၁၉ ရက်တွင် ပြောသည်။ နှစ်ကုန် သတင်းစာရှင်းလင်းပွဲ၏ အမေးအဖြေကဏ္ဍတွင် သမ္မတ ပူတင် က ၎င်းတို့အနေဖြင့် အမြဲတမ်းပြောခဲ့သည့်အတိုင်း ရုရှားဘက်မှ တွေ့ဆုံဆွေးနွေးမှုများနှင့် အပေးအယူညှိနှိုင်းများပြုလုပ်ရန် အသင့်ရှိနေပေမယ့် တစ်ဖက်ကတော့ ညှိနှိုင်းဆေးနွေးမှုပြုလုပ်ရန် ငြင်းဆန်နေကြောင်း ပြောကြားခဲ့သည်။ အလားတူ ရုရှားအစိုးရ က အနာဂတ်တွင် လုပ်ဆောင်မည့် ယူကရိန်းနိုင်ငံနှင့် သဘောတူညီချက်များအားလုံးကို ယူကရိန်း၏ တရားဝင်အစိုးရနှင့်သာ လက်မှတ်ထိုးနိုင်မည်ဖြစ်ကြောင်း ရုရှားသမ္မတ က ဆက်ပြောသည်။ ယူကရိန်းသမ္မတ ဗိုလိုဒိုမာ ဇာလန်းစကီး၏ သမ္မတသက်တမ်းသည် ယခုနှစ်အစောပိုင်းတွင် ကုန်ဆုံးသွား မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိအစိုးရသည် တရားမဝင်အစိုးရအဖွဲ့ဖြစ်ကြောင်း၊ နိုင်ငံအတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် အခြေအနေများရှိလျှင် ယူကရိန်းလွှတ်တော်ကသာ သမ္မတ၏သက်တမ်းကို တိုးနိုင်ကြောင်း၊ ယခုမူ ထိုသို့သက်တမ်းတိုးထားခြင်းမရှိသည့်အတွက် ဇာလန်းစကီး၏အစိုးရအဖွဲ့က တရားမဝင်ခြင်းဖြစ်ကြောင်း ပူတင် ကပြောထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

20 Dec

ADVERTISE HERE .