“အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာအစီအစဉ်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ”
19 Decအာဆီယံအပေါင်းသုံးအရေးပေါ်ဆန် အရန်ရိက္ခာအစီအစဉ်အတွက် Asean Plus Three Emergency Rice Reserve(APTERR) လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့က (Program Management Team-PMT)၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာလ ၁၈ ရက်က စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ ကြောင်း သိရပါတယ်။ ဦးစွာ လုပ်ငန်းစီမံခန့်ခွဲရေး အဖွဲ့ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဆွေလင်း အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က APTERR အစီအစဉ်အကောင်အထည်ဖော်ဆောင်ရွက်မှု၊ တာဝန်ရှိသူများနှင့် အွန်လိုင်းဖြင့်တက်ရောက်ကြသည့် တိုင်းဒေသကြီး ပြည်နယ်ကိုယ်စားလှယ်များက APTERR အစီအစဉ်-၃(၂၀၂၃)ဖြင့် ဆန်ရိက္ခာဖြန့်ဖြူးလှူဒါန်းမှုနှင့် APTERR အစီအစဉ်-၃ (၂၀၂၄)ဖြင့် လှူဒါန်းမည့်အခြေအနေ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါတယ်။ APTERR အစီအစဉ်ကို အရေးပေါ်သတ်မှတ်ချက်အဆင့်-၁ သတ်မှတ်ဆန်အား စီးပွားရေးနည်းလမ်းဖြင့် ဖြန့်ဝေခြင်း၊ အရေးပေါ်သတ်မှတ်ချက်အဆင့်-၂ သတ်မှတ်ဆန်အား ကာလရှည်ချေးငွေအကူအညီဖြင့် ဖြန့်ဝေခြင်း၊ အရေးပေါ်သတ်မှတ်ချက်အဆင့်-၃ သိုလှောင်ဆန်အား အကူအညီဖြင့် ဖြန့်ဝေခြင်းတို့ဆောင်ရွက်လျက်ရှိပါတယ်။ APTERR Tier-3 အစီအစဉ်-၃(၂၀၂၄)ဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ ဆန်တန်ချိန် ၃,၀၀၀ နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ငွေသားထောက်ပံ့မှုဖြင့် ဆန်တန်ချိန် ၅၀၀ တို့ကို လက်ခံသိုလှောင်ဖြန့်ဖြူး ခွင့်ရရှိမှာဖြစ်ပြီး အဆိုပါ အရန်ဆန်များ ကို ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ်များကြုံတွေ့ရပါက ဘေးသင့်ပြည်သူများထံ APTERR ၏ အရန်ဆန် ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)