ကုန်ဈေးနှုန်းသတင်း ၁၉.၁၂.၂၀၂၄

19 Dec

ဒီဇင်ဘာလ ၁၉ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ပဲပုပ်ဈေးတွေ ဆက်တိုက်ကျဆင်းနေပြီး ကုလားပဲနဲ့ အခြားပဲအများစု‌ဈေးတွေကတော့ ဈေးငြိမ်နေပါ တယ်။ ကြက်သွန်ဖြူ၊ ထန်းလျက်နဲ့ သကြားဈေးတွေ ဈေးငြိမ်နေပေမယ့် ကြက်သွန်နီဈေးကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၁၁,၉၈၅ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၂၄,၆၂၈ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၈၀၅ ကျပ်ကနေ ၅,၈၄၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၁၄,၉၁၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၅၈၀ ကျပ်ကနေ ၆,၃၈၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၂၅၀ ကျပ်ကနေ ၄,၉၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၁၃၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၁၄၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၄,၈၃၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၈၃၀ ကျပ်ကနေ ၈,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၅၀ ကျပ်ကနေ ၁,၆၇၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၆၅၀ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၅၀၀ ကျပ်ကနေ ၆,၅၈၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၆၀၀ ကျပ်ကနေ ၄,၃၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၂,၀၀၀ ကျပ်ကနေ ၁၆,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ ပုစွန်ခြောက်(မြိတ်ပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၂၀,၀၀၀ ကျပ်၊ ငါးနှပ်ခြောက် တစ်ပိဿာကို ၂၅,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ်၊ ငါးရွှေ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၁၄,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၇၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၈၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၃၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၀၄၀ ကျပ်၊ မန္တလေးမှာ ၃,၁၅၅ ကျပ်၊ နေပြည်တော်မှာ ၃,၁၂၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၁၅၀ ကျပ်၊ မန္တလေးမှာ ၃,၂၆၅ ကျပ်၊ နေပြည်တော်မှာ ၃,၂၃၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၉၀ ကျပ်၊ မန္တလေးမှာ ၂,၇၀၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၇၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၁၀ ကျပ်၊ မန္တလေးမှာ ၃,၃၂၅ ကျပ်၊ နေပြည်တော်မှာ ၃,၂၉၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၃၃၀,၀၀၀/-) ငါးဆယ် သုံးသိန်း သုံးသောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၁၄၀,၀၀၀ိ/-) ခြောက်ဆယ် တစ်သိန်း လေးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

19 Dec

ADVERTISE HERE .