ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရွေးကောက်ပွဲ ယှဉ်ပြိုင်မည်ဟု ရော်နယ်လ်ဒို ကြေညာ
19 Decဘရာဇီးလ် နာမည်ကျော်တိုက်စစ်မှူးဟောင်းဖြစ်သူ ရော်နယ်လ်ဒိုက ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒို က ဘရာဇီးလ်လက်ရွေးစင်အသင်း၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူပေးလိုကြောင်း ပြောကြားခဲ့သည်။ အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒို အနေဖြင့် လက်ရှိ CBF ဥက္ကဋ္ဌဖြစ်သူ အက်နယ်လ်ဒို ရိုဒရီဂတ်စ် ရဲ့ နေရာမှာ အစားထိုးရန် ရွေးကောက်ခံကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ CBF ဥက္ကဋ္ဌ ရွေးကောက်ပွဲကို လာမယ့်နှစ် မတ်လမှာ ပြုလုပ်မှာဖြစ်ပြီး လက်ရှိဥက္ကဋ္ဌမှာ ၂၀၂၆ ခုနှစ် မတ်လမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်တာကြောင့် ဥက္ကဋ္ဌရာထူး မလွှဲပြောင်းမီ ၁၂ လအလိုကတည်းက ရွေးကောက်ပွဲပြုလုပ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
19 Dec