ကာလရှည်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေတဲ့ မူဒရစ်

19 Dec

ချဲလ်ဆီးအသင်း တောင်ပံကစားသမား မူဒရစ် အနေနဲ့ ဒုတိယအကြိမ် တားမြစ်ဆေးသုံးစွဲမှု ရှိ၊မရှိ နှင့် ပတ်သက်ပြီး စစ်ဆေးမှုများ ခံယူခဲ့ရာမှာ စစ်ဆေးမှုအောင်မြင်ခဲ့ခြင်း မရှိခဲ့တာကြောင့် ကာလရှည်ပွဲပယ်ပြစ်ဒဏ် ချခံရဖွယ်ရှိနေပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မူဒရစ် က ပြီးခဲ့တဲ့ နိုဝင်ဘာလက ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနှင့် အာဆင်နယ်အသင်းတို့ ပွဲစဉ်မှာ တားမြစ်ဆေးသုံးစွဲမှုပတ်သက်ပြီး စစ်ဆေးခဲ့ရာမှာ စစ်ဆေးမှုရလဒ်မှာ သုံးစွဲကြောင်း လက္ခဏာရှိခဲ့တယ်လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မူဒရစ် က ငြင်းဆိုခဲ့ ပေမယ့် ဒုတိယအကြိမ် ဆေးစစ်မှု ဆက်လက်ခံယူရထားရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မူဒရစ် နဲ့ ပတ်သတ်ပြီး ချဲလ်ဆီးအသင်းကလည်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒါကြောင့် မူဒရစ် အနေနဲ့ ဒုတိယအကြိမ် ဆေးစစ်မှုရလဒ်မှာကျရှုံးခဲ့ပါက ကာလရှည်ပြစ်ဒဏ်ကျ ခံရဖွယ်ရှိ နေပါတယ်။ (NVS 008-)

19 Dec

ADVERTISE HERE .