“နောက်ကျဂိုးတွေနဲ့ အနိုင်ရခဲ့တဲ့ မြန်မာအသင်း”

19 Dec

အာဆီယံဖလား တတိယအကျော့ပွဲစဉ်ကို မြန်မာ-လာအို အသင်းတို့ ဒီဇင်ဘာလ ၁၈ ရက် ညနေ ၅ အချိန်မှာ ရန်ကုန်မြို့၊ သုဝဏ္ဏအမျိုးသားအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ လွင်မိုးအောင် က အဖွင့်ဂိုးကို ပထမပိုင်းမှာ စတင်သွင်းယူခဲ့ပြီး ပွဲချိန် မိနစ် ၇၀ အထိ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ၇၇ မိနစ်နဲ့ ၈၁ မိနစ်တို့မှာ လာအိုအသင်းက ချေပဂိုးနဲ့အနိုင်ဂိုးတွေ ပြန်လည်သွင်းယူ ခဲ့ပါတယ်။ မြန်မာအသင်းအတွက် ချေပဂိုးနဲ့အနိုင်ဂိုးတွေကိုတော့ ပွဲပြီးခါနီးပွဲချိန် ၈၇ မိနစ်နဲ့ ၉၃ မိနစ်မှာ ဝင်းနိုင်ထွန်း က ၂ ဂိုး ဆက်တိုက်သွင်းယူပေးခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အတွင်း ယခင်အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ပွဲစဉ်အတွင်း ပါဝင်ခြင်းမရှိတဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူး ဝင်းနိုင်ထွန်း ပြန်လည်ပါဝင် ကစားခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းက အုပ်စု B မှာ ရမှတ် ၄ မှတ်နဲ့ အုပ်စုတတိယနေရာမှာ ရပ်တည်နေခဲ့ပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ အခွင့်အရေး အနည်းငယ်သာရှိခဲ့ပါတယ်။ လာမယ့်ဒီဇင်ဘာလ ၂၁ ရက်မှာ ကစားမယ့် ဗီယက်နမ် အသင်းကို အနိုင်ကန်နိုင်မှသာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ (NVS 008)

19 Dec

ADVERTISE HERE .