“Star City မှ ပန်းဆိုးတန်းသို့ ပြေးဆွဲဝန်ဆောင်မှုပေးနေတဲ့ Star Ferry ရပ်ဆိုင်းပြီး Shuttle Bus ဝန်ဆောင်မှု အသစ်ဖြင့် ပြောင်းလဲပြေးဆွဲပေးမည်”

19 Dec

Star City Complex Thanlyin မှ ပန်းဆိုးတန်း ဆိပ်ကမ်းသို့ ရေလမ်းကြောင်းဖြင့် ဝန်ဆောင်မှုပေးနေတဲ့ Star Ferry ကိုလာမယ့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစတင် ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ Star City Thanlyin ရဲ့ Estate Management Office မှ သိရပါတယ်။ Star Ferry ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ နံနက် ၇ နာရီမှ ည ၇ နာရီအထိ ပြေးဆွဲခဲ့တာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လမှ စတင်၍ ၄ လမ်းသွား အမှတ် ၃ သန်လျင်တံတားအသစ်ကို ဖွင့်လှစ်ခဲ့တာကြောင့် သွားလာရေး လွယ်ကူအဆင်ပြေလျက်ရှိပြီး Star Ferry ရေကြောင်းဝန်ဆောင်မှုထက် ပိုမိုမြန်ဆန်ကာ သွားလာနိုင်ပြီဖြစ်တဲ့အတွက် အဆိုပါ Star Ferry ဝန်ဆောင်မှုကို ရပ်နားသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Star Ferry ရေကြောင်းဝန်ဆောင်မှုအစား ခရီးသည်များ အဆင်ပြေရန် ရည်ရွယ်၍ Shuttle Bus ဝန်ဆောင်မှုအသစ်ဖြင့် ပြောင်းလဲ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပြီး ၎င်း Shuttle Bus ခရီးစဉ်အချိန်များကိုလည်း ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ Star Ferry နဲ့ Star City အိမ်ရာမှ ရန်ကုန်မြို့ထဲသို့ မိနစ် ၃၀ အတွင်း သွားရောက်နိုင်တာကြောင့် Star Ferry အသုံးပြုသူများအတွက် ယာဉ်လမ်းကြောင်းပိတ်ဆို့ခြင်းများ ကင်းဝေးခဲ့ပြီး Star City အိမ်ရာမှာ နေထိုင်ကြတဲ့ ရုံးသွားရုံးပြန် အသုံးပြုသူများနှင့် စီးနင်းလိုက်ပါသူများအားလုံးအတွက်လည်း အဆင်ပြေချောမွေ့လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

19 Dec

ADVERTISE HERE .