“ဆက်လက်ရပ်တည်ရန် ခက်ခဲတာကြောင့် အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်း ပိတ်သိမ်းတော့မည်”
19 Dec၁၅ နှစ်ကြာ ရပ်တည်ခဲ့တဲ့ အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်းကို ဆက်လက်ရပ်တည်ရန် အခက်အခဲ များကြောင့် ပိတ်သိမ်းတော့မယ်လို့ သိရပါတယ်။ လက်ရှိနိုင်ငံရဲ့ အကြပ်အတည်းနှင့် ကိုဗစ်နောက်ပိုင်းအဆင်မပြေမှုများစွာကြောင့် ယခုနှစ်ကုန်ပါက ပိတ်သိမ်း တော့မည်ဖြစ်ကြောင်းလည်း အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်းကနေ သိရပါတယ်။ အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်းက မြန်မာနိုင်ငံမှာ မတွေ့ရတော့တဲ့ မြန်မာ့မျိုးရင်း ဗမာကြောင်ကို မြန်မာနိုင်ငံတွင် အများလေ့လာ သိရှိစေရန် ရည်ရွယ်ပြီး ပြန်လည်ဖော်ဆောင်လာခြင်းမှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်ငန်းများ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များနှင့် အင်းလေးဒေသလူနေမှုပုံစံများ သိရှိစေရန် ခြေတံရှည်အိမ်များကို တိုးချဲ့ဆောက်လုပ်ခဲ့ကြောင်းလည်း သိရပါတယ်။ အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်းမှ ဟိုတယ်သက်မွေးမှုသင်တန်းကျောင်း ထပ်မံဖွင့်လှစ်ခဲ့ပြီး ဒေသခံလူငယ် ၃၆၆ ဦးအထိ သင်ကြားပေးနိုင်ခဲ့ပါတယ်။(NVS 004)