“ပြည်ပသို့ ငါးမက်ထရစ်တန်ချိန် ၂၄ဝ,ဝဝဝ တန်ကျော် တင်ပို့နိုင်ခဲ့”

19 Dec

မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလ အထိ ရှစ်လတာကာလအတွင်း ပြည်ပသို့ ငါးမက်ထရစ်တန်ချိန် ၂၄၀,၀၀၀ တန်ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန မှ သိရပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ရှစ်လတာကာလအတွင်း ပြည်ပသို့ ငါးတင်ပို့မှု အနေနဲ့ ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန်ချိန် ၁၁၃,၄၁၄ ဒသမ ၃၀၁ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၅၁ ဒသမ ၇၉၄ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန်ချိန် ၁၂၇,၉၉၆ ဒသမ ၇၀၁ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၇ ဒသမ ၈၂ သန်း ရရှိခဲ့တဲ့အတွက် ပြည်ပသို့ စုစုပေါင်းငါးမက်ထရစ်တန်ချိန် ၂၄၁,၄၁၁ ဒသမ ၀၀၂ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၅၉ ဒသမ ၆၁၄ သန်းရရှိထားပါတယ်။ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကာလတူမှာတော့ ပြည်ပသို့ ငါးမက်ထရစ်တန် ၁၈၅,၆၉၄ ဒသမ ၆၂၇ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၂၀ ဒသမ ၂၇ သန်းရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ် ကာလက ငါးမက်ထရစ်တန်ချိန် ၅၅,၇၁၆ ဒသမ ၃၇၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၃၄၄ သန်း ပိုမိုရရှိထားပါတယ်။ မြန်မာနိုင်ငံမှ ရေထွက် ကုန်များကို ပြည်ပနိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ (NVS 004 )

19 Dec

ADVERTISE HERE .