မျက်အိတ်ဖောင်းပြီး မျက်ကွင်းညိုတာကို သက်သာစေမယ့် နည်းလမ်းတွေ

18 Dec

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ မျက်အိတ်ဖောင်းပြီး မျက်ကွင်းညိုတာကို သက်သာစေမယ့် နည်းလမ်းတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ သခွားသီးက သင့်အသားအရေကို နူးညံ့စေပြီး မျက်ကွင်းညိုတာကို သက်သာစေပါတယ်။ သခွားသီးကို ခပ်ပါးပါးလေးလှီးပြီး မျက်ကွင်းအောက်မှာ ကပ်ပေးလိုက်ပါ။ ပြီးရင် နာရီဝက်လောက်ထားပါ။ နွားနို့မှာ ပရိုတင်းနဲ့ အဆီဓာတ်ပါဝင်ပြီး အသားအရေကို စိုပြေစေပါတယ်။ နွားနို့အေးအေးလေးကို မျက်ကွင်းအောက်မှာ လိမ်းပေးပြီး ၁၅ မိနစ်လောက် ထားပေးလိုက်ပါ။ ပြီးရင် ရေနဲ့ဆေးချလိုက်ပေးပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးပြီးဖြစ်ဖြစ် ခရမ်းချဉ်သီးအနှစ်ကိုပဲဖြစ်ဖြစ် မျက်ကွင်းအောက်မှာ ကပ်ပေးလိုက်ပါ။ ပြီးရင် ၁၀ မိနစ်လောက် ထားလိုက်ပြီး ရေဆေးချလိုက်ပေးပါ။ Green Tea အိတ်ကို ရေနွေးနဲ့ခဏစိမ်လိုက်ပြီး ရေခဲသေတ္တာထဲ ခဏအအေးခံလိုက်ပြီး မျက်ကွင်းအောက်မှာ ၁၀ မိနစ်လောက် ကပ်ပေးလိုက်ပါ။ အာလူးအစိမ်းကို ပါးပါးလှီးလိုက်ပြီး သင့်မျက်ကွင်းအောက်မှာ ကပ်ပေးထားလိုက်ပါ။ ပြီးရင်တော့ ၁၀ မိနစ်လောက်ထားပြီး ရေပြန်ဆေးချပေးပါ။ (NVS 003)

18 Dec

ADVERTISE HERE .