“ကစားသမားဘ၀ နှုတ်ဆက်ပွဲ ကစားခဲ့တဲ့ ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူးဟောင်း အက်ဒရီယာနို”
18 Decဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူးဟောင်း အက်ဒရီယာနို က ကစားသမားဘ၀ နှုတ်ဆက်ပွဲကစားခဲ့ ကြောင်း သိရပါတယ်။ အသက် ၄၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ အက်ဒရီယာနို ဟာ ၂၀၁၆ ခုနှစ်ကတည်းက ကစားသမားဘဝမှ အနားယူခဲ့ပြီး ရှစ်နှစ်ကြာမှ နှုတ်ဆက်ပွဲကစားခြင်းဖြစ်ပါတယ်။ အခုပွဲမှာ Flamengo Legends အသင်းနှင့် Friends of Italy အသင်းတို့ ကစားခဲ့ကြပြီး Flamengo Legends အသင်းက ၄ ဂိုး၊ ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အက်ဒရီယာနို က နှစ်သင်းစလုံးမှာ ပါဝင်ကစားခဲ့ကာ ဂိုးများလည်း သွင်းယူခဲ့ပြီး သားဖြစ်သူ အက်ဒရီယန်နင်ညို လည်း ၎င်းနှင့်အတူ ဒုတိယပိုင်းမှာ ပါဝင်ကစားခဲ့ကာ တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ (NVS 008)
18 Dec