“ပရီးမီးယားလိဂ်မှ ထပ်မံထုတ်ပယ်ခံရမည့်နည်းပြအဖြစ် ရေပန်းစားလာတဲ့ ဂွါဒီယိုလာ”

18 Dec

မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဟာ ပရီးမီးယားလိဂ်မှ ထပ်မံထုတ်ပယ်ခံရမယ့်နည်းပြအဖြစ် ရေပန်းစားမှုမှာ ဒုတိယနေရာသို့ ရောက်ရှိလာတယ်လို့ သိရပါတယ်။ ဂွါဒီယိုလာ က ပြီးခဲ့တဲ့လအတွင်းမှာ မန်စီးတီးအသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပေမယ့် လက်ရှိအချိန်မှာ ရလဒ်များ ဆိုးရွားနေတဲ့အတွက် ရာထူးမှ ထုတ်ပယ်ခံရရန် ရေပန်းစားမှု မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်ယူနည်းပြ တန်ဟက်ဂ်၊ လက်စတာနည်းပြ စတိဗ်ကူးပါး၊ ဝုလ်နည်းပြ ဂယ်ရီအိုနေးလ်၊ ဆောက်သမ်တန်နည်းပြ ရပ်ဆဲလ်မာတင် တို့ထုတ်ပယ်ခံခဲ့ရပြီးနောက် လက်ရှိအချိန်မှာ ဝက်စ်ဟမ်း နည်းပြ လိုပယ်တယ်ဟီ က ထပ်မံထုတ်ပယ်ခံရမယ့် နည်းပြအဖြစ် ရေပန်းအစားဆုံးဖြစ်နေပါတယ်။ (NVS 008)

18 Dec

ADVERTISE HERE .