“ခြေကျင်းဝတ်ဒဏ်ရာကြောင့် တစ်လခန့်အနားယူရမယ့် ယာမယ်လ်”

18 Dec

ဘာစီလိုနာအသင်း တောင်ပံကစားသမား ယာမယ်လ် ခြေကျင်းဝတ်ဒဏ်ရာကြောင့် တစ်လခန့် အနားယူ ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ တောင်ပံကစားသမား ယာမယ်လ် ဟာ စပိန်လာလီဂါပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနဲ့ လီဂါနက်စ်အသင်း တို့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ လီဂါနက်စ်အသင်းက ဘာစိလိုနာအသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယာမယ်လ် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် ဘာစီလိုနာအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်ရှိ ယာမယ်လ် က ဘာစီလိုနာအသင်းနှင့်အတူ ၂ဝ၂၂-၂ဝ၂၃ မှ ၂၀၂၄- ၂၀၂၅ ဘောလုံးရာသီ အထိ ပြိုင်ပွဲစုံ ၇၂ ပွဲကစားပြီး ၁၃ဂိုး သွင်းယူကာ ခြေစွမ်းပြထားတာ ဖြစ်ပါတယ်။ (NVS 008)

18 Dec

ADVERTISE HERE .