“ထရမ့် က ဇာလန်းစကီးကို ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ဖိတ်ကြားထားခြင်း မရှိဟုဆို”
18 Dec၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် အမေရိကန်နိုင်ငံ၏သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို ဖိတ်ကြားထားခြင်း မရှိကြောင်း အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် က ပြောသည်။ သို့သော် ဇာလန်းစကီး အနေဖြင့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် ဆန္ဒရှိပါကလည်း လက်ခံ တွေ့ဆုံမည် ဖြစ်ကြောင်း ဒေါ်နယ်ထရမ့် က သမ္မတလောင်းအဖြစ် ပထမဆုံးလုပ်ဆောင်သော တရားဝင် သတင်းစာရှင်းလင်းပွဲ၌ ပြောထားခြင်း ဖြစ်သည်။ သမ္မတလောင်း ဒေါ်နယ်ထရမ့် သည် ပြင်သစ်သမ္မတ အီဗန်နျူယယ် မက်ခရွန်နှင့်အတူ ဇာလန်းစကီးကို ပဲရစ်မြို့၌ ယခုလ အစောပိုင်းတွင် တွေ့ဆုံကာ ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ဆွေးနွေးမှုများလုပ်ဆောင်ထား သည်။ ထိုသို့တွေ့ဆုံစဉ် ရုရှား-ယူကရိန်း ပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်စေရန် ၎င်းအနေဖြင့် လိုလားသည်ဟု ဒေါ်နယ်ထရမ့်က ပြောထားကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။