“စင်ကာပူတွင် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားများနေ့ အထိမ်းအမှတ်ပွဲတော်ကျင်းပပြုလုပ်”
18 Decဒီဇင်ဘာလ ၁၈ ရက်မှာ ကျရောက်မယ့် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ အထိမ်းအမှတ်ပွဲတော်ကို စင်ကာပူနိုင်ငံလူ့စွမ်းအားဝန်ကြီးဌာန (Ministry of Manpower-MOM) မှကြီးမှူးကာ ဒီဇင်ဘာလ ၁၅ ရက်က စင်ကာပူမြို့ Jurong Lake Gardens မှာ ကျင်းပပြုလုပ်ခဲ့ရာ စင်ကာပူနိုင်ငံအခြေစိုက် မြန်မာသံရုံးက ပါဝင်ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။ မြန်မာသံရုံးအနေနဲ့ မြန်မာနိုင်ငံမှထုတ်လုပ်တဲ့ အသင့်စား ခေါက်ဆွဲခြောက်များ၊ ကော်ဖီမစ်များ၊ မြေပဲယို၊ နှမ်းယိုများဖြင့် မိတ်ဆက်ဧည့်ခံခဲ့ပြီး၊ မြန်မာမှု လက်ရာများကို ခင်းကျင်းပြသခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲတော်သို့ စင်ကာပူရှိ ရွှေ့ပြောင်းလုပ်သားများနှင့် အိမ်ထောင်မှုအကူလုပ်သား ၁၀,၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ စင်ကာပူမြို့အခြေစိုက် ဘင်္ဂလားဒေ့ရှ်သံရုံး၊ တရုတ်သံရုံး၊ အိန္ဒိယသံရုံး၊ ဖိလစ်ပိုင်သံရုံး၊ သီရိလင်္ကာသံရုံး၊ ထိုင်းသံရုံး၊ ဗီယက်နမ်သံရုံး၊ အင်ဒိုနီးရှားသံရုံးနှင့် ပုဂ္ဂလိကကုမ္ပဏီများက ပြခန်းပေါင်း ၃၂ ခန်းဖြင့် ပါဝင်ပြသခဲ့ ကြပါတယ်။ (NVS 004)