“ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော် မာရသွန်ပြေးပွဲ ပြုလုပ်မည်”
18 Decတရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော် မာရသွန်ပြေးပွဲကို လာမယ့်နှစ် ဇန်နဝါရီလ ၅ ရက်မှာ စတင်ယှဉ်ပြိုင်ပြုလုပ်သွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကနေ သိရပါတယ်။ အဆိုပါပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ အမျိုးသားအားကစားသမား ၁၂ ဦးအပါအဝင် အယောက် ၁,၀၀၀ ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားများ မာရသွန်ပြိုင်ပွဲ၊ မြန်မာနိုင်ငံ သားများအတွက် မာရသွန်ပြိုင်ပွဲဆုများလည်း သီးသန့်စီစဉ်ထားကာ တရုတ်-မြန်မာနှစ်နိုင်ငံမှ မူလတန်း ကျောင်းသား များ၊ ဒေသခံတိုင်းရင်းသားလူမျိုး ၅ ခု စတဲ့ လူပေါင်း ၁,၂၀၀ ကျော်နဲ့ ပန်းဖွားအကအဖွဲ့များ ဖွဲ့စည်းကာ ပြိုင်ပွဲ ပြေးလမ်းတစ်လျှောက်နေရာ ၃၅ ခုမှာ ပြိုင်ပွဲဝင်များကို အားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲပြေးလမ်းတစ်လျှောက်မှာ ရသာမွန်စားသောက်ဖွယ်နဲ့ အားဖြည့်ရာနေရာ ၄ ခုစီစဉ်ထားပြီး အားကစား သမားများ စားဖွယ်စုံပေါင်း ၂,၀၀၀ ကျော်စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲကာလအတွင်း ရွှေလီမြို့တွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပြပွဲ၊ ပွဲဈေး၊ မနောအက၊ မီးပုံပွဲတော်၊ တိုင်းရင်းသားအဆိုတော် စတိတ်ရှိုး စသည့် လှုပ်ရှားမှုများလည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ (NVS 004)