UEFA Nations League ပြိုင်ပွဲ ကွာတားဖိုင်နယ်မှ အနိုင်ရရှိသူကို နောက်ဆုံးအဆင့်ပြိုင်ပွဲ အိမ်ရှင်အဖြစ် အတည်ပြုမည်

17 Dec

၂၀၂၄-၂၅ ဘောလုံးရာသီ UEFA Nations League ပြိုင်ပွဲ ကွာတားဖိုင်နယ်ကစားမယ့် အီတလီ-ဂျာမနီတို့ ပွဲစဉ်မှ အနိုင်ရတဲ့အသင်းကို နောက်ဆုံးအဆင့်ပြိုင်ပွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပစေမှာဖြစ်ကြောင်း ဥရောပ ဘောလုံး အဖွဲ့ချုပ်က အတည်ပြုကြေညာခဲ့ပါတယ်။ UEFA Nations League ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်များကို ၂၀၂၅ ခုနှစ် မတ်လ ၂၀ ရက်နဲ့ ၂၃ ရက်တို့မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇွန်လ ၄ ရက်နဲ့ ၅ ရက်၊ ဗိုလ်လုပွဲကို ဇွန်လ ၈ ရက်တွင် ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

17 Dec

ADVERTISE HERE .