မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်တည်ထောင်ခြင်း (၁၁၅) နှစ်ပြည့်အထိမ်းအမှတ် ညစာစားပွဲ ရန်ကုန်မြို့၌ကျင်းပ

17 Dec

မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်တည်ထောင်ခြင်း (၁၁၅) နှစ်ပြည့်အထိမ်းအမှတ် ညစာစားပွဲကို ဒီဇင်ဘာ၁၆ရက်က ရန်ကုန်မြို့၊ Lotte ဟိုတယ်မှာကျင်းပခဲ့ပါတယ်။ အခမ်းအနားသို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်စား ဗိုလ်ချုပ်ကြီး ညိုစော တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်စား နစကအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစော က အဖွင့် နှုတ်ခွန်းဆက်စကားပြောကြားပြီး သံအမတ်ကြီး Ms. Ma Jia နဲ့ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌ တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်တည်‌ထောင်ခြင်း (၁၁၅) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌ က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအတွက် ငွေကျပ်သိန်း ၈၀ ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီးနဲ့ ဝေဘာဂီအထူးကု ဆေးရုံကြီးတို့အတွက် ငွေကျပ်သိန်း ၄၀ စီ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။(NVS 004)

17 Dec

ADVERTISE HERE .