မကွေးတိုင်းဒေသကြီးတွင် တီဘီရောဂါစမ်းသပ်ရှာဖွေရေးစီမံချက်ကို ၂၅ ရက်ကြာ ဆောင်ရွက်နေ

17 Dec

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိတဲ့ ကျောင်းသား၊ ကျောင်းသူများတွင် တီဘီရောဂါရှိမရှိ စမ်းသပ်ရှာဖွေရေးစီမံချက်ကို ဒီဇင်ဘာလ ၁၆ ရက်ကစပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် အထိ ၂၅ ရက်အကြာ ဆောင်ရွက်လျက်ရှိကြောင်း မကွေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနကနေ သိရပါတယ်။ တီဘီရောဂါရှိ/မရှိကို ကျန်းမာရေးဝန်ထမ်းများက ချောင်းဆိုးခြင်း နှစ်ပတ်ကျော်/မကျော်၊ ကိုယ်အလေးချိန် လျော့ကျမှု ရှိ/မရှိ၊ အစာစားချင်စိတ် ရှိ/မရှိ၊ လည်ပင်း၊ ဂျိုင်းနဲ့ပေါင်ခြံမှာ အကြိတ် ရှိ/မရှိ စတဲ့အချက် ၈ ချက်ကို ကျောင်းသား၊ ကျောင်းသူတွေကိုမေးမြန်းပြီး စစ်ဆေးပေးနေတာ ဖြစ်ပါတယ်။ မကွေးမြို့၌ လက်ရှိအချိန်တွင် လူဦးရေထူထပ်လာပြီဖြစ်တာကြောင့် တီဘီရောဂါကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ စီမံချက်ရေးဆွဲဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တီဘီရောဂါသံသယရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို တီဘီရောဂါကုသရေးဌာနက လိုအပ်တဲ့စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။(NVS 004)

17 Dec

ADVERTISE HERE .